“ဗီယက်နမ်နိုင်ငံက နှစ်(၈၀) ပြည့် ဩဂုတ်တော်လှန်ရေးနှင့် အမျိုးသားနေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား ကျင်းပ”

03 Sep

ဗီယက်နမ်နိုင်ငံက စက်တင်ဘာလ ၂ ရက်တွင် ကျရောက်သော နှစ်(၈၀)ပြည့် ဩဂုတ်တော်လှန်ရေးနှင့် အမျိုးသားနေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ဟနွိုင်းမြို့ရှိ ဘာဒင်ရင်ပြင်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပ ကြောင်း ဗီယက်နမ်သတင်းဌာန က ဖော်ပြထားသည်။ ထိုစစ်ရေးပြအခမ်းအနားကို အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုခြင်းဖြင့် စတင်ပြီး ၎င်းနောက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က စစ်သုံးယာဉ် များ၊ အမြောက်များအပြင် အခြားစစ်လက်နက်ပစ္စည်းများနှင့်အတူ စစ်ရေးပြချီတက်သည်။ ထိုစစ်ရေးပြ အခမ်းအနား ကို ကြည့်ရှုခွင့်ရရှိနိုင်ရန် ဗီယက်နမ်ပြည်သူနှင့်ခရီးသွားထောင်ပေါင်းများစွာက စက်တင်ဘာလ ၁ ရက် ညပိုင်း ကတည်းက ဟနွိုင်းမြို့ရှိလမ်းမများပေါ်တွင် တန်းစီစောင့်ဆိုင်းကာ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းတွင် စစ်ရေးပြ စစ်ကြောင်းကြီးများကို ဂုဏ်ပြုကြိုဆိုမှုများ လုပ်ဆောင်သည်။ အဆိုပါစစ်ရေးပြအခမ်းအနားကြီးတွင် တရုတ်၊ ရုရှား၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဂုဏ်ပြုတပ်ဖွဲ့များက ပါဝင်စစ်ရေးပြကြောင်း၊ ဗီယက်နမ်နိုင်ငံက ပထမဆုံးအနေဖြင့် ရေငုပ်သင်္ဘောများလည်းပါဝင်သည့် ရေတပ်စစ်ရေးပြ အခမ်းအနားကိုပါ ပူးတွဲပြုလုပ်ပြီး ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ပြသကြောင်း သတင်းဌာနများ က ဖော်ပြထား သည်။ ဩဂုတ်တော်လှန်ရေးသည် ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဩဂုတ် တော်လှန်ရေးကြောင့် ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယခုအခါဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံအဖြစ် ကူးပြောင်းလာခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Sep

ADVERTISE HERE .