“တရုတ်နိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့် ကောင်းမွန်တဲ့ရလဒ်များရရှိအောင် ဆွေးနွေးနိုင်ခဲ့”

03 Sep

တရုတ်နိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့် ကောင်းမွန်သည့်ရလဒ်များရရှိအောင် ဆွေးနွေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာလ ၂ ရက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှမိသားစုများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ယခုတရုတ်နိုင်ငံသို့လာရောက်သည့် အလုပ်သဘောခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံသမ္မတတို့နှင့်တွေ့ဆုံ၍ ကောင်းမွန်တဲ့ရလဒ်များရရှိအောင် ဆွေးနွေးနိုင်ခဲ့ကာ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံမှုများကောင်းမွန်တိုးတက်လျက်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့ပြင် မိမိတို့တာဝန်ယူချိန်တွင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကာ ပြည်တွင်းထုတ်ကုန် များထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်မှသာ ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များတိုးတက်အောင်ထုတ်လုပ်ခြင်း၊ တစ်ဦးချင်းအလုပ်လုပ်ခြင်းတို့မှသာ နိုင်ငံ စီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဟု ပြောကြားခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့အတွက် အတန်းပညာရှိတဲ့ ပညာတတ်လူသားအရင်းအမြစ်တွေ လုံလောက်စွာရှိဖို့ လိုအပ်ကြောင်း အတန်းပညာတွေတိုးတက်လာမှသာ အသိပညာတွေတိုးတက်လာမှာဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံအတွင်းနေထိုင်ကြသူအားလုံးမှာ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံတော်ယာယီသမ္မတက ဆက်လက် ပြောကြားခဲ့ပါတယ်။ ထို့အတူ နှစ်နိုင်ငံဆက်ဆံရေးအတွက် သံတမန်တာ ဝန်ထမ်းဆောင်နေကြသူများရှိသကဲ့သို့ နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်ရန်အတွက် ပညာတော်သင်အဖြစ် လာရောက်ပညာသင်ကြားနေကြသူများလည်းရှိ၍ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တတ်နိုင်တဲ့ဘက်မှ အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံတော် ယာယီသမ္မတမှ သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။(NVS 004)

03 Sep

ADVERTISE HERE .