“ပန်းခင်းစီမံချက်အဆင့်(၃)ကို အောက်တိုဘာလကုန်အထိ ဆောင်ရွက်မည်”

03 Sep

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လိုအပ်တဲ့ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)နဲ့ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ လတ်တလော ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် လိုအပ်တဲ့ ဒေသခံပြည်သူများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောင်ရွက်ပေးမှုများမှာ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသွားတဲ့ ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ အတွက် ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ ကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုများလည်း ပါဝင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇူလိုင်စာရင်းများအရ ၂၀၂၁ ခုနှစ်မှစတင်၍ လက်ရှိအချိန် အထိ လေးနှစ်ကျော်ကာလအတွင်း ပန်းခင်းစီမံချက်နဲ့ လူဦးရေ(၉ ဒသမ ၈)သန်းကျော်ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။ ဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာအရ ပန်းခင်းစီမံချက်နဲ့ အဆင့်(၃)ဆင့် တိုးမြှင့်ကာဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ပန်းခင်းစီမံချက်အဆင့်(၃)ကို လာမည့်အောက်တိုဘာလ ၃၁ ရက် အထိဆောင်ရွက်ပေးရန်လျာထားကြောင်း သိရပါတယ်။ ယင်းကာလနောက်ပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်ချိန်အထိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးမရှိခဲ့ပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် စာရင်းတင်ပြလာပါက ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

03 Sep

ADVERTISE HERE .