“ခါကာဘိုရာဇီပျားရည်ကို တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိ”

03 Sep

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ခါကာဘိုရာဇီရေခဲတောင် အနီးတဝိုက်မှ ထွက်ရှိသော ခါကာဘိုရာဇီ ပျားရည်(သို့မဟုတ်)ကျောက်ကမ်းပါးပျားရည်ကို တရုတ်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရပါတယ်။ ခါကာဘိုရာဇီပျားရည်(သို့မဟုတ်)ကျောက်ကမ်းပါးပျားရည်က တစ်နှစ်တစ်ကြိမ်သာရရှိသော ရှားပါးဆေးဖက်ဝင် ပျားရည်ဖြစ်တာကြောင့် ပြည်တွင်းမှာဈေးကောင်းရရှိသည့်အပြင် ပြည်ပနိုင်ငံများတွင် ဈေးကွက်ကောင်းမွန်စွာရရှိသော ပျားရည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပျားရည်ကို တရုတ်နိုင်ငံဘက်မှလည်း ကြိုက်နှစ်သက်စွာ ဝယ်ယူမှုများရှိပြီး ပြည်တွင်းဈေးကွက်ထဲ၌ ပျားရည်ပုလင်းအသေးတစ်ပုလင်းလျှင် ၃၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အတွင်းရောင်းချပြီး အကြီး ၁ ပုလင်းလျှင် တစ်သိန်းဝန်းကျင်ခန့် ရောင်းချကြကြောင်း သိရပါတယ်။ ခါကာဘိုရာဇီပျားရည်(သို့မဟုတ်)ကျောက်ကမ်းပါး ပျားရည်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိသော ခါကာဘိုရာဇီရေခဲတောင်အနီးတဝိုက်ရှိ ကျောက်ဆောင်ကျောက်ကမ်းပါးများမှာ အုံစွဲလေ့ရှိသောပျားရိုင်းများ၏ ပျားအုံ များမှ ထွက်ရှိသော ဆေးဖက်ဝင်ပျားရည်တစ်မျိုးဖြစ်ကာ မေလနှင့် ဇွန်လပိုင်းမှာသာ ဖွပ်ကြရကြောင်း သိရပါတယ်။ (NVS 004)

03 Sep

ADVERTISE HERE .