“မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ကူညီပေးနိုင်ရေးဆိုင်ရာကိစ္စရပ် များ ဆွေးနွေး”
03 Sep
မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဒုတိယသမ္မတ H.E. Mr. Han Zhang တို့ စက်တင်ဘာလ ၂ ရက်က ပေကျင်းမြို့ရှိ ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဥ် SCO အဖွဲ့အစည်းက အရှေ့တောင်အာရှနိုင်ငံများအတွက် အရေးပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်မှု၊ မြန်မာ နိုင်ငံအနေနဲ့ SCO အဖွဲ့မှာ ပါဝင်နိုင်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြားအိမ်နီးချင်းကောင်း နိုင်ငံများဖြစ်သည်နှင့်အညီ အေးအတူပူအမျှအတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအပြန်အလှန် အထောက်အကူပြုလျက်ရှိမှု၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ ကြားစီးပွားရေးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။(NVS 004)