“မိတ္တီလာဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ”

03 Sep

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ရှိ သမိုင်းဝင် ဖောင်တော်ဦးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဩဂုတ်လ ၃၀ ရက်မှ စတင်ကျင်းပလျက်ရှိကြောင်း သိရပါတယ်။ နှစ်စဉ်တော်သလင်းလတိုင်း ကျင်းပလေ့ရှိတဲ့ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဘုရားပွဲတော်က ယခုနှစ်မှာ (၁၄၂) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို စက်တင်ဘာလ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲများကိုစက်တင်ဘာလ ၁ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်အတွင်း မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲစျေးတန်းကိုလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

03 Sep

ADVERTISE HERE .