“စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တိုက်မြင့်တက်”
02 Sep
ယခုတစ်ပတ်တာကာလဖြစ်သည့် စက်တင်ဘာလ ၁ ရက်မှ ၇ အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၄၁၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရပါတယ်။ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများသည် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ငွေကျပ် ၆,၃၀၀ မှ ယခုတစ်ပတ်တွင် ၆,၄၁၀ ကျပ်သို့ မြင့်တက်လာခဲ့ပါတယ်။ စားအုန်းဆီးများဈေးနှုန်းများကို ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တနင်္လာနေ့တိုင်း အပတ်စဉ်ထုတ်ပြန် ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Link - www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရ ပါတယ်။ (NVS-004)