“ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ပျားရည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၃ သန်း ရရှိထား”
02 Sep
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ပြည်ပသို့ပျားရည်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ဝ၅၃ သန်း ရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေး ဌာနခွဲမှ သိရပါတယ်။ အဆိုပါ ဘဏ္ဍာနှစ်လေးလတာကာလအတွင်း ပြည်ပသို့ ပျားရည်များတင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည် မက်ထရစ်တန်ချိန် ၇၀၇ ဒသမ ၇၂ တန် တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ မက်ထရစ်တန်ချိန် ၁ ဒသမ ၂၉ တန် တင်ပို့ခဲ့သည့်အတွက် စုစုပေါင်း ပျားရည်မက်ထရစ်တန်ချိန် ၇၀၉ ဒသမ ဝ၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၃ သန်း ရရှိခဲ့ပါတယ်။ ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့ထံ တင်ပို့ လျက်ရှိပြီး ဂျပန်နိုင်ငံသို့အများဆုံးတင်ပို့ထားပါတယ်။ ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည် တို့ကို ထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့မှုများရှိနေသလို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများလည်းရှိကြောင်း သိရပါတယ်။ (NVS-004)