“အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲဖိတ်ခေါ်”

02 Sep

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖိတ်ခေါ်ထားပါတယ်။ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သာသူများအတွက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အထိမ်းအမှတ်အခမ်းအနားနေ့တွင် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို Website Link - https://bit.ly/47Md8Ck တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကိုသိချင်ပါက ဖုန်း - ၀၆၇၃၄၀၄၀၄၉၊ ၀၆၇ ၃၄၀၄၀၇၁ သို့လည်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရပါတယ်။ (NVS-004)

02 Sep

ADVERTISE HERE .