“ကွင်းလယ်ကစားသမား ချာကီ ၂ လနားရမယ်လို့ အတည်ပြုခဲ့တဲ့ ဂွါဒီယိုလာ”
02 Sep
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ချာကီ ဟာ ဒဏ်ရာပြဿနာကြောင့် နှစ်လ နားရမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ က အတည်ပြုပြောကြား ခဲ့ပါတယ်။ ဘရိုက်တန်နဲ့ပွဲအပြီး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဂွါဒီယိုလာက ၇ ပတ် ဒါမှမဟုတ် ၈ ပတ် အနားယူရမှာ ဖြစ်ကြောင်းနဲ့ နိုဝင်ဘာလမှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ချာကီ ဟာ ပေါင်ကြွက်သား ဒဏ်ရာရရှိနေတာဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒါကြောင့်ပြင်သစ်အသင်း လူစာရင်းမှာ အီကီတီကီ ကို အစားထိုးခေါ်ယူခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ချာကီဟာ စက်တင်ဘာလ ၁၄ ရက်မှာ ယှဉ်ပြိုင်ရမယ့် မန်ချက်စတာဒါဘီပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ချာကီ က မန်စီးတီး အသင်းကို ပြောင်းရွှေ့ ခဲ့ချိန်မှာ မန်ယူအသင်းနဲ့ ဆုံတွေ့တဲ့ မန်ချက်စတာဒါဘီရောက်ရင် ချေမှုန်းပစ်ဖို့ စောင့်နေတယ်လို့ ကြုံးဝါးခဲ့ပါတယ်။ (NVS 008)