“အိုလီဆေးကို ရောင်းထုတ်ဖိုမဟုတ်ဘူးလို့ဆိုတဲ့ ဘိုင်ယန်မြူးနစ်အသင်း”
02 Sep
ဘိုင်ယန်မြူးနစ်အသင်းက မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပြင်သစ်တိုက်စစ် ကစားသမား အိုလီဆေး ကို ရောင်းထုတ်မှာမဟုတ်ဘူးလို့ သတ်မှတ်ထားကြာင်း သိရပါတယ်။ အိုလီဆေး ဟာ ပဲလေ့စ် အသင်း ကနေတစ်ဆင့် ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အိုလီဆေး ကို ယူရိုသန်း ၆၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဂျာမန်မြေမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်စီးတီးနဲ့ လီဗာပူးလ် တို့က ခေါ်ယူဖို့ စိတ်ဝင်စား နေခြင်းဖြစ်ပြီး ရောင်းချနိုင်မယ့် ပြောင်းရွှေ့ကြေးတန်ဖိုးကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်ဘို င်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေက အိုလီဆေးကိုအသင်းမှာ နှစ်ရှည်ထိန်းသိမ်းသွားဖို့ ဆန္ဒရှိနေတာ ကြောင့် ရောင်းထုတ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး PSG အသင်းက ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ (NVS 008)
02 Sep