“ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့များ”
02 Sep
နယူးကာဆယ်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းက DR Congo တိုက်စစ်ကစားသမား ဝစ်ဆာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဝစ်ဆာ ရဲ့ပြောင်းရွှေ့ကြေးဟာ ကနဦး ပေါင် သန်း ၅၀ နဲ့ အပိုဆုကြေး ပေါင် ၅ သန်းရှိမယ်လို့ သိရပါတယ်။ နော်တင်ဟမ်ဖောရက်စ်အသင်းက စထရာဘိုးအသင်းက တောင်ပံကစားသမား ဘက်ဝါ ကို ပေါင် ၃၅ သန်းနဲ့ ငါးနှစ်စာချုပ်၊ ဘိုတာဖိုဂိုဘယ်နောက်ခံလူ ကူယာဘာနို ကို ပေါင် ၅ သန်းနဲ့ လေးနှစ်စာချုပ်၊ အာဆင်နယ်ဘယ်နောက်ခံလူဇင်ချန်ကို ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းဟာ အေဂျက်စ်အသင်းက တိုက်စစ်မှူး ဘရော့ဘေ ကို ပေါင် ၂၁ ဒသမ ၅ သန်းနဲ့ လေးနှစ်စာချုပ်၊ တောင်ပံကစားသမား ဘာထရန်ထရာအိုရေးကို ပေါင် ၂ ဒသမ ၅ သန်းနဲ့ တစ်နှစ်စာချုပ်၊ လိုက်ပ်ဇစ် နောက်ခံအတွင်းလူ ဂီယာထရူဒါကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ ဇဗက်ဒါ နောက်ခံ အတွင်းလူ မီလိုဆာယီဗစ် ကို ပေါင် ၁၃ သန်း၊ အေစီမီလန်ညာနောက်ခံလူ အဲလက်စ်ဟီမင်နက်ဇ် ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တူးလူးနောက်ခံအတွင်းလူ ကန်ဗော့ ကို ပေါင် ၁၇ ဒသမ ၅ သန်းနဲ့ လေးနှစ်စာချုပ်၊ ဂီတာဖေးတိုက်စစ်မှူး အူချီ ကို ပေါင် ၁၇ ဒသမ ၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ (NVS 008)