“မန်ယူအသင်းရဲ့ နွေရာသီအပြောင်းအရွှေ့ရာသီမှာ နောက်ဆုံးအပြောင်းအရွှေ့များ”
02 Sep
မန်ယူအသင်းက တိုက်စစ်မှူး ဟွိုင်လန်း ကို နာပိုလီအသင်းထံ ရာသီကုန်အထိ အငှားချလိုက်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ နာပိုလီအသင်းက ဟွိုင်လန်း ကို ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါက ပေါင် ၄၃ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက် ပါဝင်ပါတယ်။ ဘက်တစ်အသင်းက မန်ယူတောင်ပံကစားသမား အန်တိုနီ ကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၂၂ သန်းအပြင် အပိုဆုကြေးယူရို ၃ သန်းနဲ့ခေါ်ယူပြီး ၂၀၃၀ အထိစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဆိုပါစာချုပ်တွင် အန်တိုနီ ကို တခြား အသင်းသို့ ပြန်လည်ရောင်းထုတ်ခဲ့ပါက မန်ယူအသင်းကို အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းပေးရမယ်လို့ သိရပါတယ်။ အက်စတွန်ဗီလာအသင်းဟာ မန်ယူတောင်ပံကစားသမား ဆန်ချိုနဲ့ ကွင်းလယ်လူ အဲလိယတ် တို့ကို ရာသီကုန်အထိ အငှားခေါ်ယူခဲ့ပါတယ်။ အဲလိယတ် ရဲ့ အငှားအပြောင်းအရွှေ့မှာ ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ရှိတဲ့အချက် ပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ အသင်းရဲ့ဂိုးသမားလိုအပ်ချက်အတွက် အန့်ဝပ်အသင်းမှ လူငယ်ဂိုးသမား လမ်းမန်းစ် ကို ပြောင်းရွှေ့ကြေး ယူရို ၂၁ သန်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါပါတယ်။ (NVS 008)