“တစ်ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုစနစ်အတွက်(SCO) အဖွဲ့က ဦးဆောင်သူဖြစ်နိုင်ဟု ရုရှားသမ္မတပြော”

02 Sep

တစ်ကမ္ဘာလုံးဆိုင်ရာဖြစ်တည်မှုစနစ်အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)က ဦးဆောင်သူ ဖြစ်လာနိုင်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏လုပ်ဆောင်မှုများကို ရုရှားနိုင်ငံက ထောက်ခံကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကပြောသည်။ ထို့ပြင် တရုတ်နိုင်ငံ တီယန်ကျင်းမြို့၌ ကျင်းပနေသော SCO ထိပ်သီး ညီလာခံသို့ နိုင်ငံပေါင်းစုံမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်လာခြင်းသည် SCO အဖွဲ့၏ များပြားလှသော လုပ်ဆောင်ချက်များကို အမှန်တကယ်စိတ်ပါဝင်စားမှုရှိသည်ဟူသော သက်သေပြမှုတစ်ခုပင်ဖြစ်ကြောင်း အဆိုပါ ထိပ်သီးညီလာခံသို့ တက်ရောက်နေသည့် ရုရှားသမ္မတက စက်တင်ဘာလ ၁ ရက်တွင် ပြောခြင်းဖြစ်သည်။ အလားတူ SCO အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ပြီးချိန်မှစ၍ ထို အဖွဲ့အနေဖြင့် ဥရောပ-အာရှ ဒေသတွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တည်ဆောက်နိုင်ရန်အတွက်သာ ဦးစားပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပူတင် က မှတ်ချက်ပြုပြောထားသည်။ SCO အဖွဲ့အနေဖြင့် ပိုမိုမျှတမှုရှိသော တစ်ကမ္ဘာလုံးဆိုင်ရာ ဖြစ်တည်မှုစနစ်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတကာဥပဒေနှင့်ကုလသမဂ္ဂပဋိညာဉ်တို့ အပေါ် အခြေခံကာ ဦးဆောင်မည်ဟုယုံကြည်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင် က အဆိုပြုသော တစ်ကမ္ဘာလုံးဆိုင်ရာဖြစ်တည်မှုစနစ်လုပ်ငန်း(GGI)ကို ရုရှားနိုင်ငံကထောက်ခံကြောင်း ပူတင်က ဆက်ပြောသည်။ ၎င်းအပြင် SCO အဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံ၏သမိုင်းကြောင်း၊ မတူကွဲပြားသောလူနေမှုစနစ် များကို အခြားနိုင်ငံများက အစဉ်အားဖြင့် လေးစားမှုကိုပြသထားကြောင်း ပူတင် က ပြောသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

02 Sep

ADVERTISE HERE .