“သံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းနည်းလမ်းများကိုလေ့လာ”
02 Sep
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ခြင်းစီမံကိန်းနှင့်စပ်လျဉ်း၍ သံမဏိကြိုး ဆိုင်းတံတားတည်ဆောက်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းစနစ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကိုရီးယားနိုင်ငံသို့ သွားရောက်လေ့လာ ခဲ့ကြောင်း သိရပါတယ်။ အခုလိုသွားရောက်ခဲ့စဉ် ဒလတံတားကို ဝာာဝန်ယူတည်ဆောက်နေတဲ့ ကုမ္ပဏီနှင့်တံတား၏ အရည်အသွေး စစ်ဆေးတည်ဆောက်မှု အကြံပေးအင်ဂျင်နီယာ ကုမ္ပဏီနှင့်တွေ့ဆုံပြီး အားနည်းချက်၊ အားသာချက်များ ဆက်လက် ဆောင်ရွက်သွားရမည့် ထိန်းသိမ်းခြင်းနည်းစနစ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းလုပ်ငန်းများအားလုံးကို ယခုနှစ်ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်အောင် ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားခဲ့ပါတယ်။ အဆိုပါ တံတားပြီးစီးသွားပါက ရန်ကုန်မြိုမှတစ်ဆင့် ဒလ၊ တွံတေး၊ ကော့မှုး နှင့် ကွမ်းခြံကုန်းမြိုနယ်များသို့ လွယ်ကူစွာသွား လာနိုင်မည်လည်း ဖြစ်ပါတယ်။ (NVS 004)