“ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့များကို အငှားယာဉ်များသို့ ဈေးနှုန်းသက်စွာနဲ့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ”

02 Sep

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးစွဲမှုကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင် ရေးညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၃၁ ရက်က ရန်ကုန်မြို့၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့၏ ၈၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ၈ ရာခိုင်နှုန်းကို စက်မှု/ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ၇ ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ရေးကဏ္ဍတို့မှာ အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ မော်တော်ယာဉ်များမှာ CNG သုံးစွဲခြင်းက ဓာတ်ဆီ၊ ဒီဇယ်ဆီသုံးစွဲခြင်းများထက် ကုန်ကျစရိတ်များစွာ သက်သာပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ CNG သုံးစွဲမှုကို မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကာ နိုင်ငံတော်မှခရီးသွားများဈေးနှုန်းသက်သာစေရန် CNG ကို YBS ယာဉ်များနှင့် အငှားယာဉ် (Taxi) များကိုဦးစားပေး၍ အထူးသက်သာသောဈေးနှုန်းဖြင့် စိုက်ထုတ်ရောင်းချပေးလျက်ရှိပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (Compressed Natural Gas–CNG) ဖြန့်ဖြူးပေးခြင်းကို စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စွမ်းအင်ဝန်ကြီးဌာနမှ ထွက်ရှိလာတဲ့သဘာဝဓာတ်ငွေ့ကို ပြည်ပသို့တင်ပို့ဖြန့်ဖြူးရောင်းချခြင်းအပြင် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖြန့်ဖြူးပေး လျက်ရှိပါတယ်။ (NVS 004)

02 Sep

ADVERTISE HERE .