“နိုင်ငံသားစိစစ်ရေးကတ်(NRC)အတုနဲ့ KBZ Pay အကောင့်များဖွင့်ကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း KBZ သတိပေး”

02 Sep

နိုင်ငံသားစိစစ်ရေးကတ်(NRC) အတုများ အသုံးပြုပြီး ဘဏ်စာရင်းအကောင့်၊ KBZ Pay အကောင့်များဖွင့်ခြင်း ငွေကြေးလိမ်လည်ရယူမှုများရှိနေကြောင်း KBZ Pay က ဩဂုတ်လ ၃၁ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ လက်ရှိလိမ်လည်သူ/မသမာသူများက နိုင်ငံသားစိစစ်ရေးကတ် (NRC)အတုများကိုအသုံးပြုပြီး ဘဏ်စာရင်း အကောင့်/KBZPay အကောင့်များဖွင့်ခြင်း လိမ်လည်ရရှိသောခိုးယူငွေများကို အခြားငွေစာရင်းအကောင့်များသို့ လွှဲပြောင်း ရယူခြင်း တရားမဝင်လုပ်ငန်းများတွင် ကိုယ်ရေးအချက်အလက်အမှန်များ ဖုံးကွယ်ရန်အသုံးပြုခြင်း Crypto Currency သို့ပြောင်း၍ လိမ်လည်ရရှိသော တရားမဝင်ငွေများဖုံးကွယ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်(NRC)များ တုပပြုလုပ် ရောင်းချခြင်းမှ ငွေကြေးအကျိုးအမြတ်များရယူခြင်းတို့ကို ပြုလုပ်နေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်(NRC) အချက်လက်များကို မသမာသူများ တုပ/ခိုးယူအသုံးပြုခံရခြင်းမှ အထူးသတိပြုကာကွယ်ရန် လိုအပ်ကြောင်းတိုက်တွန်းပြောကြားထားပါတယ်။(NVS 004)

02 Sep

ADVERTISE HERE .