“ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်(SCO)နှင့် ပူးပေါင်းဆောင်ရွက်လို”

02 Sep

ဒေသလုံခြုံရေးနှင့်ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)နှင့် ပူးပေါင်းဆောင်ရွက်လိုအပ်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာလ ၁ ရက်ညနေပိုင်းကကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လုံခြုံရေးကဏ္ဍတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒတို့ရဲ့ ခြိမ်းခြောက်မှုများကိုတိုက်ဖျက်ရာတွင် ထိရောက်သည့်အောင် မြင်မှုများကိုတွေ့မြင်ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ခေတ်မီနည်းပညာရပ်တွေဖြစ်တဲ့ ဉာဏ်ရည်တု(AI)နည်းပညာနဲ့ Data အုပ်ချုပ်မှုဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိတဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ခံစားနေကြရသလို အနာဂတ်မှာဖြစ်ပွားလာနိုင်တဲ့ ခေတ်မီနည်းပညာသုံး တိုက်ခိုက်မှုတွေကို စုပေါင်းကာကွယ်နိုင်တဲ့ အလားအလာတွေကိုတွေ့မြင်ရပါတယ်လို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)၏ မူဘောင်များအောက်မှပါဝင်ကာ ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားလိုတယ်လို့ ပြောကြား ခဲ့ပါတယ်။ တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping တင်သွင်းခဲ့သော ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုပဏာမအဆိုပြုချက် ၅ ချက်က နိုင်ငံအများအပြား ရင်ဆိုင်နေရတဲ့ မမျှတမှုများကိုထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုရရှိမယ်လို့ မိမိအနေနဲ့ အပြည့်အဝယုံကြည်ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။(NVS 004)

02 Sep

ADVERTISE HERE .