“မျက်စိလူနာအသစ် စာရင်းသွင်းသူ ၂,၀၀၀ ကျော်အထိရှိ”

02 Sep

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)ရဲ့ (၁၄) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် လာရောက်စာရင်းပေး သွင်းသူ ၂,၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှ သိရပါတယ်။ (၁၄) ကြိမ်မြောက် မျက်စိအလင်းအလှူအတွက် စက်တင်ဘာလ ၁ ရက်မှာ စာရင်းပေးသွင်းခြင်းကို စတင်လက်ခံ ခဲ့ပြီး လူဦးရေ ၂,၀၅၀ ကျော် လာရောက်စာရင်းပေးသွင်းထားကြောင်း သိရပါတယ်။စာ‌ရင်းလာရောက်ပေးသွင်းသူများကို စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ မျက်စိစမ်းသပ်ပေးသွားမည် ဖြစ်ပြီး ခွဲစိတ်ရန်လိုအပ်သူများကို စက်တင်ဘာလ ၂၅ ရက်အထိ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)က နှစ်လတစ်ကြိမ် မျက်စိ အလင်းအလှူပေးလျက်ရှိပြီး စာရင်းပေးရန်ကျန်သူများ (၁၅) ကြိမ်မြောက်မှာ ပါဝင်နိုင်ကြောင်း သိရပါတယ်။(NVS 004)

02 Sep

ADVERTISE HERE .