ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အနေဖြင့် လက်တွေ့ရလဒ်များရရှိစေရန်၊ ထိရောက်မှုမြင့်မားစွာ ဆောင်ရွက်ရန် ရှီကျင့်ဖျင် အလေးထားပြောကြား

01 Sep

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အနေဖြင့် လက်တွေ့ရလဒ်များရရှိစေရန်၊ ထိရောက်မှုမြင့်မားစွာ ဆောင်ရွက်ရန် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က စက်တင်ဘာလ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ ရှီကျင့်ဖျင် က စက်တင်ဘာလ ၁ ရက်တွင် ဆိပ်ကမ်းမြို့ဖြစ်သည့် ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) အဖွဲ့ဝင်နိုင်ငံများ၏ (၂၅)ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများ ကောင်စီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ပို၍ခိုင်မာအားကောင်းသည့် ကျောထောက်နောက်ခံပြုမှုများ ပံ့ပိုးနိုင်ရေးအတွက် SCO လုံခြုံရေးကဏ္ဍ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများအား ဘက်စုံကိုင်တွယ်စီမံရေးစင်တာ၊ SCO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာကို တွန်းအားပေးဆောင်ရွက်ရန်၊ SCO ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို ဆောလျင်စွာတည်ထောင်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

01 Sep

ADVERTISE HERE .