ပါကစ္စတန် ရေဘေးကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့မှုအား ADB ကြေညာ

01 Sep

ပါကစ္စတန်နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွားဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း များကို ပံ့ပိုးရန် အရေးပေါ်အကူအညီအဖြစ် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) က အမေရိကန်ဒေါ်လာ သုံးသန်း ထေက်ပံ့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ “ပါကစ္စတန်နိုင်ငံက မိသားစုတွေနဲ့ အသိုက်အဝန်းတွေကို နေရပ်စွန့်ခွာရစေတဲ့ ဆိုးရွားတဲ့ရေကြီးမှုကို ကြုံတွေ့နေရပါတယ်။ ဒီအကျပ်အတည်းအတွင်း ပါကစ္စတန်နိုင်ငံနဲ့အတူ ADB က ခိုင်မာစွာ ရပ်တည်ပါတယ်” ဟု ADB ဥက္ကဌ မာဆာတို ကန်ဒါ က ဩဂုတ်လ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်တွင် ပြောကြား ခဲ့သည်။ အာရှပစိဖိတ် သဘာဝဘေးတုံ့ပြန်ရေးရန်ပုံငွေမှ ပေးအပ်မည့် အဆိုပါထောက်ပံ့ငွေက လူသားချင်းစာနာ ထောက်ထားမှု အရေးပေါ်လိုအပ်ချက်များနှင့် ရေရှည်ပြန်လည်ထူထောင်ရေး နှစ်ခုစလုံးအတွက် ADB ၏ ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုတွင် လူ ၂၂ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၁ ဒသမ ၅ သန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည်ဟု တာဝန်ရှိသူများက သတိပေးထားကြောင်းလည်း သိရသည်။

01 Sep

ADVERTISE HERE .