“၂၀၂၆ ခုနှစ်တွင် လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း အန်တိုနီဂျိုရှုအာ ထုတ်ပြန်ကြေညာ”

01 Sep

ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား အန်တိုနီဂျိုရှုအာ က တစ်နိုင်ငံတည်းသားဖြစ် သော ဒူဘွိုက်စ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ဝှေ့လောကမှ ခေတ္တအနားယူထားသူဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် လက်ဝှေ့ လောကသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှာ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် ဒူဘွိုက်စ် နှင့် ထိုးသတ်ခဲ့ရာမှာ ငါးချီမြောက်တွင် အလဲထိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အန်တိုနီဂျိုရှုအာ အတွက်စိတ်ပျက်ဖွယ်ရာ အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ထင်မှတ်မထားတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရခြင်းကြောင့် အန်တိုနီဂျိုရှုအာ အနေနဲ့ ရလဒ်ထက် စိတ်ဓာတ်ပိုင်းဆိုင်ရာကို သိသိသာသာထိခိုက်စေခဲ့ပြီး လက်ဝှေ့လောကတွင်ဆက်လက်ကျင်လည်ရန် ခက်ခဲနေပြီ ဖြစ်ကြောင်းလည်း လက်ဝှေ့လောကမှ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။ သို့သော်လည်း အန်တိုနီဂျို ရှုအာ အနေနဲ့ ကြံ့ခိုင်မှုပိုင်းမှာ အကောင်းဆုံးပုံစံ၌ ရှိနေသေးသလို ကမ္ဘာ့ချန်ပီယံ များကိုစိန်ခေါ်နိုင်ဆဲဖြစ်တဲ့အတွက် အကောင်းဆုံးလေ့ကျင့်မှုပြုလုပ်ပြီး လက်ဝှေ့လောကမှာ ဆက်လက်ကျင်လည် သွားရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ (NVS 008 )

01 Sep

ADVERTISE HERE .