“ပဲလေ့စ်အသင်းက ဝေါ်တန် ရဲ့ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်”

01 Sep

ပဲလေ့စ်အသင်းက အသင်းမှ လူငယ်ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဝေါ်တန် ကို လက်မလွှတ်လိုတဲ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်အဖြစ် စတာလင်ပေါင် သန်း ၁၀၀ ထိသတ်မှတ်ပြီး ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ပါတယ်။ ဝေါ်တန် ဟာ ချဲလ်ဆီးအသင်းမှ ပဲလေ့စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းများအပြင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ပဲလေ့စ်အသင်းက လက်မလွှတ်လိုတာကြောင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ခံစစ်ပိုင်းအတွက် ဝေါ်တန် ကို အလိုရှိနေတဲ့ အတွက် ခေါ်ယူပေးရန် ပစ်မှတ်ထားနေပြီး ပဲလေ့စ်အသင်းအနေနဲ့ လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ ကာလမှာ ဝေါ်တန် ကို ဆက်လက်ထိန်းသိမ်းထားရန် ခက်ခဲလာဖွယ် ရှိနေပါတယ်။ (NVS 008 )

01 Sep

ADVERTISE HERE .