“ဂျိုတာ ရဲ့ ကျောနံပါတ် ၂၁ ကို အသင်းဖော် ရူဘင်နီဗက် ပြောင်းလဲဝတ်ဆင်သွားမည်”

01 Sep

ပေါ်တူဂီအသင်းတွင် ဂျိုတာ ၀တ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၂၁ ကို အသင်းဖော် ရူဘင်နီဗက် က ဝတ်ဆင် ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဂျိုတာ က ပေါ်တူဂီအသင်းနှင့် လီဗာပူးလ်အသင်းတို့မှာ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ကာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ရာသီသစ်အတွက် လီဗာပူးလ်အသင်းနှင့် ပြန်လည်ပူးပေါင်းရန် လာရောက်ချိန်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိ ပေါ်တူဂီနှင့် အယ်ဟိုင်လာအသင်း ကစားသမား ရူဘင်နီဗက် ဟာ ဂျိုတာ နှင့် ဝုဗ်အသင်းမှာ တွဲဖက်ကစားခဲ့ကြတဲ့ အသင်းဖော် ဟောင်းများဖြစ်ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းများ ရှိကြသူများဖြစ်ပါတယ်။ (NVS 008 )

01 Sep

ADVERTISE HERE .