“ဖာနန်ဒက်စ် ရဲ့ ပင်နယ်တီအနိုင် ၃ မှတ် ရရှိခဲ့တဲ့ မန်ယူအသင်း”
01 Sep
ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် ကစားခဲ့တဲ့ မန်ယူအသင်းက ဘန်လေအသင်းကို သုံးဂိုး၊နှစ်ဂိုး ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ်သုံးမှတ်ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတည်းက ရလဒ်တွေဆိုးရွားနေခဲ့ပြီး အခုရာသီမှာလည်း ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ မန်ယူအသင်း ဟာ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲကစားခဲ့ပြီးနောက် ပထမဆုံးနိုင်ပွဲတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ကူလန်း ရဲ့ Own ဂိုးကနေ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၇ မိနစ်မှာ အန်ဘူမို နှင့် ပွဲပြီးခါနီး အချိန်ပို ၇ မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် ဖာနန်ဒက်စ် က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲကစားအပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် ရမှတ်လေးမှတ်သာ ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့်(၉) နေရာမှာ ရပ်တည်နေပါတယ်။ (NVS 008 )
01 Sep