“ရေဘေးသင့်ဒေသများရှိ မွေးမြူရေးတိရစ္ဆာန်များ ကာကွယ်ဆေးထိုးနှံ”

01 Sep

နေပြည်တော်ကောင်စီနယ်မြေအတွင်းက သဘာဝဘေးရေကြီးရေလျှံမှုများကြောင့် ထိခိုက်နိုင်တဲ့ မွေးမြူရေး တိရစ္ဆာန်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် မြို့နယ်အလိုက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ဩဂုတ်လ ၂၉ ရက်မှာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က လိုက်လံကြည့်ရှုခဲ့ပါတယ်။ ပျဉ်းမနားမြို့နယ် က ရေ‌ဘေးသင့်နေရာ က မွေးမြူရေးတိရစ္ဆာန်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကိုကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် ထိခိုက် နိုင်တဲ့ မွေးမြူရေးတိရစ္ဆာန်များကို ရွှေ့ပြောင်းပေးမှုများကို ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ထိ ပျဉ်းမနားမြို့နယ် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များက ကျေးရွာစုစုပေါင်း ၁၆ ရွာရှိ နွားကောင်ရေ ၉၆၆ ကောင်၊ ကျွဲကောင်ရေ ၇ ကောင်၊ မြင်းကောင်ရေ ၈ ကောင်၊ ဝက်ကောင်‌ရေ ၁၈၆ ကောင်နှင့် ဆိတ်ကောင် ၂၃ ကောင် ပြောင်းရွှေ့ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးမှုများလုပ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 004 )

01 Sep

ADVERTISE HERE .