“သံလွင် နှင့် စစ်တောင်းမြစ်ရေများ ဆက်လက်မြင့်တက်နိုင်”

01 Sep

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်မှာရောက်ရှိနေပြီး နောက် ၂ ရက် အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁ ရက် အသိပေးထားပါတယ်။ ယနေ့စက်တင်ဘာလ ၁ ရက်နံနက်ပိုင်းထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာ‌ ကျော်လွန်ပြီး နောက်တစ်ရက်အတွင်း ၁ ပေခန့် မြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းများမှာ နေထိုင်သူများအနေနဲ့ ကြိုတင်သတိပြုနိုင်ရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှား နိုင်ရန် ထပ်မံအသိပေးထားပါတယ်။ ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ကြောင်း၊ မဒေါက်မြို့မှာလည်း စိုးရိမ်ရေမှတ်အထက် သို့ ၁ ပေ ကျော်လွန်နေကာ နောက် ၁ ရက်အတွင်း ၁ ပေ ဆက်လက်မြင့်တက်လာနိုင်ကြောင်း အသိပေးထုတ်ပြန် ထားပါတယ်။ ဒါ့ကြောင့် တောင်ငူမြို့နယ်နှင့်မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေနဲ့ ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနေထိုင်ရန် သတိပေးနှိုးဆော်ထားပါတယ်။(NVS 004)

01 Sep

ADVERTISE HERE .