“FDI ကိုယုံယုံကြည်ကြည်လာရောက်ရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်”

01 Sep

တရုတ်လုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာမှာ အခက်အခဲများရှိနိုင်တာကြောင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး FDI ကိုယုံယုံကြည်ကြည်လာရောက်ရန် လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက တရုတ်နိုင်ငံသမ္မတရဲ့ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ် ရောက်ရှိနေပြီး သြဂုတ်လ ၃၁ ရက်နံနက်ပိုင်းက တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါတယ်။ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲကို တရုတ်နိုင်ငံ၊ တီရန်ကျင်းမြို့၊ တန်ဂလာ ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ တရုတ်စီးပွားရေး လုပ်ငန်းရှင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ၍ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်က ကူမင်းမြို့ ရောက်ရှိချိန်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် မြန်မာ့လျှပ်စစ်ဓါတ်အားဖွံ့ဖြိုးမှုစီမံကိန်း၊ EV ကဏ္ဍ၊ FDI အတွက် အ ခွင့်အလမ်းများဆိုင်ရာအပါအဝင် အခြားကဏ္ဍအကြောင်းအရာများကိုဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

01 Sep

ADVERTISE HERE .