“ရေနံစိမ်းတန်ချိန် ငါးသိန်း ချက်လုပ်နိုင်သော Modular Type စက်ရုံကို ယခုနှစ်အတွင်း လည်ပတ်နိုင်ရန် ဆောင်ရွက်”

01 Sep

အမှတ်(၁)ရေနံချက် စက်ရုံ(သန်လျင်)မှာ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၅ သိန်းချက်လုပ်နိုင်သော Modular Type စက်ရုံကို ယခုနှစ်အတွင်း လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။ လက်တလော လိုအပ်ချက်များဖြစ်တဲ့ စက်ပစ္စည်းများထုတ်လုပ်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးပေးမည့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ ၁၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ထိုနည်းတူ စက်ရုံအတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့များပို့လွှတ်ပေးနိုင်ရန် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။ မြေပြင်စက်ရုံတည်ဆောက်နေမှု လုပ်ငန်းအခြေအနေမှာ ၂၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးနေကာ သတ်မှတ်ထားတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာလည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတော်ရဲ့စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပထမအဆင့်အနေနဲ့ တန်ချိန် ၅သိန်း ချက်လုပ်နိုင်သော Modular Type စက်ရုံစီမံကိန်းပြီးစီးပါက ဒုတိယအဆင့်အနေနဲ့ ၁ နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံအသစ်ကို ၂၀၂၈ ခုနှစ်အတွင်းတည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက်လျက် ရှိနေတယ်လို့ သိရပါတယ်။ (NVS 004)

01 Sep

ADVERTISE HERE .