၂၉.၈.၂၀၂၅ ရက်အတွက် အောင်ပန်းပွဲရုံများမှ သီးနှံဈေးနှုန်းများ

29 Aug

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် အောင်ပန်းပွဲရုံများတွင် ဖြစ်ပေါ်နေသော ကုန်စိမ်းသီးနှံ(အသီးအရွက်) ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ မုံညှင်း တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၃,၇၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာကို ၅,၀၀၀ ကျပ်၊ ဘိုစားပဲ တစ်ပိဿာကို ၂,၅၀၀ ကျပ်၊ မုံလာဥနီ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာကို ၈၀၀ ကျပ်၊ ကျောက်ဖရုံသီး တစ်ပိဿာကို ၂,၅၀၀ ကျပ်၊ ရွှေပဲ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာကို ၂,၈၀၀ ကျပ်၊ ငရုပ်ပွ တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်ကို ၁,၄၀၀ ကျပ်၊ ဂေါ်ဖီပန်းပွင့် တစ်ပွင့်ကို ၂,၅၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ငရုတ်သီးစိမ်း တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ထူး-၁ မှ ထူး-လွန်) တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၁,၆၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ချင်း တစ်ပိဿာကို ၈၀၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ နနွင်းမှုန့် တစ်ပိဿာကို ၁၄,၀၀၀ ကျပ်၊ အရောင်တင်မှုန့် တစ်ပိဿာကို ၁၄,၀၀၀ ကျပ်၊ ငရုတ်သီးခွဲကြမ်း တစ်ပိဿာကို ၁,၃၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ ပြည်ပပို့ကုန်သီးနှံများမှာ ပြောင်းဆံ တစ်ပိဿာကို ၁,၄၅၀ ကျပ်၊ ပဲစဉ်းငုံ တစ်ပိဿာကို ၅,၀၀၀ ကျပ်၊ မုံလာဆံ တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ဂျုံဆံ တစ်ပိဿာကို ၃,၅၀၀ ကျပ်၊ ပဲပုပ်စေ့ တစ်ပိဿာကို ၇,၈၀၀ ကျပ်၊ ဆီနေကြာ တစ်ပိဿာကို ၇,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ အခြားကုန်စည်ဈေးနှုန်းများမှာ ကော်ဖီမှုန့်တစ်ဘူးကို ၉,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ လက်ဖက်ခြောက် တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၂၂,၀၀၀ ကျပ်၊ လက်ဖက်စို တစ်ပိဿာကို ၉,၀၀၀ ကျပ်ဖြစ်ပေါ်နေပါတယ်။ အဆိုပါ ဈေးနှုန်းများသည် အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိပါသည်။

29 Aug

ADVERTISE HERE .