“အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီးများမှ အထူးအစည်း အဝေးများကျင်းပ”

29 Aug

ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပြုလုပ်ခဲ့တဲ့ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူစာချုပ်ဆိုင်ရာ အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီးများ အထူးအစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် (AITIGA) ပြန်လည်သုံးသပ်ရေးဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ယခုကျင်းပြုလုပ်သည့် အထူးအစည်းအဝေးများသည် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ် တစ်ခုဖြစ်တဲ့ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးမူဘောင် သဘောတူစာချုပ်ညှိနှိုင်းမှုကို ဘာသာရပ်ဆိုင်ရာညှိနှိုင်းမှု ပြီးစီးရန်နှင့် အဆိုပါမူဘောင် သဘောတူစာချုပ်အား ၂၀၂၆ ခုနှစ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် က အာဆီယံဒစ်ဂျစ်တယ် စီးပွားရေးမူဘောင် သဘောတူစာချုပ်တွင် ထည့်သွင်းမည့်အချက်များနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများအကြား သဘောတူညီချက်ရရှိရန် ကျန်ရှိနေသည့် ကိစ္စရပ် များကို ညှိနှိုင်းသဘောတူခဲ့ပြီး ဆက်လက်ညှိနှိုင်းမည့် ကိစ္စရပ်များအပေါ် မဟာဗျူဟာမြောက်လမ်းညွှန်ချက်များ ပေးခဲ့ပြီး အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ပြန်လည်သုံးသပ်မှုကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်နိုင်ရေး အတွက် အာဆီယံ၏ အဆိုပြုရည်မှန်းချက်များကို အသိအမှတ်ပြုကြောင်း၊ အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အောက်မှ အကောက်ခွန်ထပ်မံဖြေလျှော့ပေးရမည့် သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ ဘုံသဘောတူညီချက်ရရှိပါက မြန်မာနိုင်ငံအနေဖြင့် အဆိုပါသတ်မှတ်ချက်အတိုင်း လိုက်ပါဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါအကောက်ခွန်ဖြေလျှော့ပေးရမည့်နှုန်းသည် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အတွက် တူညီသည့်ဖြေလျှော့ မှုနှုန်း ဖြစ်ရန်လိုကြောင်း၊ အကောက်ခွန်ဖြေလျှော့မှုများ ဆောင်ရွက်ရာတွင်လည်း ဖွံ့ဖြိုးမှုပိုမိုနည်းပါးသည့် နိုင်ငံများ အတွက် အကောင်အထည်ဖော်သည့် ကာလအပိုင်းအခြား (Staging Period) ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူစာချုပ်ဆိုင်ရာ အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီ ဝန်ကြီးများ အထူးအစည်းအဝေးတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီး H.E. Tengku Datuk Seri Utama Zafrul Tengku Abdul Aziz က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ ကြပြီး အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် (AITIGA) ပြန်လည်သုံးသပ်ရေးဆိုင်ရာ အာဆီယံ စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီး H.E. Tengku Datuk Seri Utama Zafrul Tengku Abdul Aziz က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသလို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ (NVS-004)

29 Aug

ADVERTISE HERE .