“မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်”

29 Aug

မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို လာမည့် အောက်တိုဘာလ ၄ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွား မည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် နှစ်(၁၀၀) ပြည့်ခဲ့သဖြင့် အထိမ်းအမှတ်အဖြစ် အကြိုပွဲတော် အခမ်းအနားကို မန္တလေးမြို့၊ မန္တလေးတက္ကသိုလ် အင်ဂျင်နီယာအဆောက်အဦး(အုတ်တိုက်နီ)ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို အောက်တိုဘာလ ၄ ရက်တွင် နိုင်ငံတော်အဆင့် ကျင်းပသွားမှာဖြစ်ပြီး ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၊ မြို့မိ/မြို့ဖများ၊ ကျောင်းသား/ ကျောင်းသူဟောင်းများနှင့် တာဝန်ရှိသူအားလုံးက ဝန်ကြီးဌာနမှချမှတ်ထားသည့် လုပ်ငန်းစဉ် ၂၅ ချက်ဖြင့် အောင်မြင် ပြီးမြောက်စေရန်နှင့် စည်ကားစွာကျင်းပနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတွင် မတ်လ ၂၈ ရက်က ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတက္ကသိုလ်ပင်မအဆောက် အအုံမှာ ထိခိုက်မှုပျက်စီးမှုအပြင် မီးလောင်ကျွမ်းမှုကြောင့် အခြားအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပင်မအဆောက်အအုံကြီးအား ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

29 Aug

ADVERTISE HERE .