“ဆွီဒင်အသင်းလူစာရင်းမှာ ပါဝင်လာတဲ့ အီဆက်ခ်”

29 Aug

အခုရာသီမှာ နယူးကာဆယ်အသင်းအတွက် ပါဝင်ကစားပေးထားခြင်းမရှိပေမယ့် တိုက်စစ်မှူး အီဆက်ခ် ဟာ ဆွီဒင်လက်ရွေးစင်အသင်း လူစာရင်းမှာ ပါဝင်လာပါတယ်။ စက်တင်ဘာလထဲမှာ ကစားမယ့် စလိုဗေးနီးယား၊ ကိုဆိုဗိုတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ဆွီဒင်လက်ရွေးစင်အသင်းလူစာရင်းကို နည်းပြ တိုမာဆန် ထုတ်ပြန်ခဲ့ရာမှာ အီဆက်ခ် ပါဝင်လာပါတယ်။ အသက် ၂၅ နှစ် အရွယ် အီဆက်ခ် ဟာ အခုနွေရာသီမှာ လီဗာပူးအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေပြီး နယူးကာဆယ် အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာမပါခဲ့သလို အသင်းနဲ့လည်း လေ့ကျင့်ခန်းမဆင်းခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းနဲ့ လေ့ကျင့်ခန်း မဆင်းပေမယ့် လက်ရွေးစင်အသင်းမှာ အီဆက်ခ် ပါဝင်ချင်တာကို သိရတဲ့အတွက် ပျော်ရွှင်ရပါတယ်လို့ ဆွီဒင်နည်းပြ တိုမာဆန်က ပြောကြားသွားပါတယ်။ အီဆက်ခ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက နယူးကာဆယ်အသင်းအတွက် ခြေစွမ်းပြကစားပေးခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ ပေါင်သန်း ၁၁၀ နဲ့ကမ်းလှမ်းလာမှုကို နယူးကာဆယ်ဘက်က ပယ်ချခဲ့မှုနှင့်ပတ်သတ်ပြီး မကျေမနပ် ဖြစ်နေကာ အသင်းအတွက် ကစားပေးခြင်းမရှိတာ ဖြစ်ပါတယ်။ နည်းပြ တိုမာဆန် ဟာ လက်ရွေးစင်လူစာရင်းထဲမှာ အာဆင်နယ် တိုက်စစ်မှူး ဂျိုကာရက်စ် ကိုလည်း ထည့်သွင်းထားပါတယ်။ (NVS 008)

29 Aug

ADVERTISE HERE .