“ဖာမင်လိုပက်ဇ် အတွက် တန်ဖိုးနည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာမဟုတ်တဲ့ ဘာစီလိုနာအသင်း”
29 Aug
ဘာစီလိုနာအသင်းဟာ စပိန်တောင်ပံကစားသမား ဖာမင်လိုပက်ဇ် အတွက် ယူရိုသန်း ၇၀ အောက် ကမ်းလှမ်းမှု တွေကို လက်ခံစဉ်းစားမှာမဟုတ်ကြောင်း သိရပါတယ်။ ဖာမင်လိုပက်ဇ် ဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၃-၂၄ ရာသီကတည်းက အသင်းမှာကစားခွင့်ရခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်တော့ မရသေး ရှိသေးပါဘူး။ ဘာစီလိုနာအသင်းက ဖာမင်လိုပက်ဇ် ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသလို ယူရိုသန်း ၅၀၀ တန် လျော်ကြေးစာချုပ် ထည့်သွင်းထားပါတယ်။ ကစားသမားတချို့ကို ရောင်းထုတ်ရမယ့် အခြေအနေဖြစ်နေတာကြောင့် ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ဖာမင်လိုပက်ဇ် ကို ခေါ်ယူဖို့ချိန်ရွယ်နေကြပြီး ချဲလ်ဆီးအသင်းက ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ဘာစီလိုနာအသင်းက ယူရိုသန်း ၇၀ အောက် ကမ်းလှမ်းမှုတွေကို စဉ်းစားမှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားသလို၊ ဖာမင်လိုပက်ဇ် ကလည်း ဘာစီလိုနာမှာသာ ဆက်ကစားလိုတယ်လို့ ပြောကြား ထားပါတယ်။ (NVS 008)