“ဘက်ဆစ်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှား”

29 Aug

မန်ယူအသင်းရဲ့ ကစားသမားနဲ့ နည်းပြဟောင်း ဆိုးလ်ရှား ဟာ ဘက်ဆစ်တက်နည်းပြရာထူးက ထုတ်ပယ် ခံလိုက်ရကြောင်း သိရပါတယ်။ ဆိုးလ်ရှား ဟာ ဘက်ဆစ်တက်အသင်းကို ၂၀၂၅ ဇန်နဝါရီကမှ တစ်နှစ်ခွဲစာချုပ်နဲ့ တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ၇ လအကြာမှာပဲ ရာထူးက ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကွန်းဖရန့်လိဂ် Play-offs ဒုတိယအကျော့မှာ လော်ဆိန်းအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ကြောင့် ဘက်ဆစ်တက်အသင်းက ဆိုးလ်ရှား ကို ထုတ်ပယ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဆိုးလ်ရှား ဟာ ဘက်ဆစ်တက် အသင်းမှာ ၂၉ ပွဲကိုင်တွယ်ခွင့်ရခဲ့ပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၉ ပွဲရှုံးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

29 Aug

ADVERTISE HERE .