“အငှားထွက်ကစားချင်တယ်လို့ မန်ယူအသင်းကို အကြောင်းကြားခဲ့တဲ့ မိန်နူး”

29 Aug

မန်ယူအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူး က အငှားထွက်ကစားချင်ကြောင်း မန်ယူအသင်းကို အသိပေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ မိန်နူးဟာ မန်ယူအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် နည်းပြ အာမိုရင်မ်ရဲ့ နည်းစနစ်နဲ့ အံမဝင်တာကြောင့် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရပါတယ်။ ဒါကြောင့် မိန်နူး က အခုရာသီမှာ တခြားအသင်းကို အငှားထွက်ကစားဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ မိန်နူး က မန်ယူအသင်းနဲ့ အပြီးသတ်လမ်းခွဲဖို့ ဆန္ဒမရှိသလို၊ မန်ယူအသင်းကလည်း မိန်နူး ကို အသင်းမှာ ဆက်ရှိနေစေချင်တာ ဖြစ်ပါတယ်။ မိန်နူး ကို အငှားနဲ့ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့က စိတ်ဝင်စား နေကြောင်း သိရပါတယ်။ (NVS 008)

29 Aug

ADVERTISE HERE .