“စက်တင်ဘာလ ၁ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမည်”

29 Aug

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှစ၍ အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည် ဆုတ်ခွာသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ အနောက်တောင်မုတ်သုံလေ က မြန်မာနိုင်ငံအရပ်ရပ်မှ စက်တင်ဘာလ ၁၄ ရက်မှ ၁၉ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ၊ စက်တင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ အောက်တိုဘာလ ၂ ရက်မှ ၇ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှ ဆုတ်ခွာမည် ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း ၃ ကြိမ်ဖြစ်ပေါ်နိုင်ကာ ၂ ကြိမ်မှာ ပိုမိုအားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး အနောက်တောင်မုတ်သုံလေက ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါတယ်။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ မန္တလေးတိုင်း၊ ကယားနှင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်း နိုင်ကာ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရပါတယ်။ (NVS 004)

29 Aug

ADVERTISE HERE .