“ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်ပါတီ ၆၁ ပါတီစာရင်းကို UEC ထုတ်ပြန်အသိပေး”

29 Aug

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံမည့် ပါတီ ၉ ခုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုတည်း စည်းရုံးမည့်ပါတီ ၅၂ ပါတီရှိကြောင်း UEC မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၆၁ ပါတီရဲ့စာရင်းကို ပြန်လည်ဖြေကြားထားပါတယ်။ UEC ရဲ့ ဖြေကြားချက်အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ များမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကျားဖြူပါတီစတဲ့ အင်အားကြီးပါတီများအပါအဝင် ပါတီ ၉ ခု ကို တွေ့ရပါတယ်။ ဒါ့အပြင်တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုချင်း စည်းရုံးမည့်ပါတီများမှာ မြန်မာပြည်သူ့ဒီမိုကရက်တစ် ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ အပါအဝင် ပါတီ ၅၂ ပါတီရှိကြောင်း သိရပါတယ်။ (NVS 004)

29 Aug

ADVERTISE HERE .