“နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေ လာမည့်စက်တင်ဘာလမှစတင်ကာ တိုးမြှင့်သတ်မှတ်ကောက်ခံမည်”
29 Aug
လာမည့်စက်တင်ဘာ ၁ ရက်မှစတင်ကာ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် စာအုပ်ဖိုးငွေကို တိုးမြှင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထားပါတယ်။ အဆိုပါနိုင်ငံကူးလက်မှတ်စာအုပ်ဖိုးငွေကို ယခင်က ငွေကျပ် ၄၀,၀၀၀ သတ်မှတ်ထားရာမှ စက်တင်ဘာလ ၁ ရက်မှစတင်ကာ ၄၅၀,၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ယခင်က နိုင်ငံကူး လက်မှတ် စာအုပ်အသစ်လျှောက်၊ သက်တမ်းတိုးခ ၃၅,၀၀၀ မှ ၄၀,၀၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက် ယခုအခါ ၄၅,၀၀၀ ကျပ်သို့ ထပ်မံပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန် အတွက် Online Appointment ရက်ချိန်းများကို ရက်ပိုင်းအတွင်း ရယူနိုင်ပြီဖြစ်ပါတယ်။ (NVS 004)
29 Aug