“ပဲခူးမြို့ရှိ ညောင်လေးပင် ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးမည်”
28 Aug
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ညောင်လေးပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ညောင် လေးပင်မြို့ပြည်သူ့ဆေးရုံ၌ ကွင်းဆင်း၍ ဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆေးကုသပေးရာတွင် ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကု ဆရာဝန်ကြီးများဖြစ်သည့် ဖျားနာအထူးကု၊ ကလေးအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်အထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ အရေပြားအထူးကု၊ ဓာတ်မှန်အထူးကု၊ သွားနှင့်ခံတွင်းအထူးကုများပါဝင်တဲ့ ဆရာဝန်ကြီးများက သြဂုတ်လ ၃၀ ရက်တွင် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်ပေးသွားမှာဖြစ်လို့ မည်သူမဆို လာရောက်ပြသနိုင်မှာဖြစ်ပါတယ်။ ဆေးကုသမှုခံယူလိုသူများအနေဖြင့် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံအပါအဝင် နီးစပ်ရာ တိုက်နယ်ဆေးရုံ များနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကြိုတင်၍ လာရောက်စာရင်းပေး သွင်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)