“မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မျက်စိဝေဒနာရှင် ၄,ဝဝဝ ကျော်အား အခမဲ့ကုသပေးမည်”

28 Aug

သဲဖြူဆရာတော်ကြီး ဦးဆောင်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးတွင် ဩဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ မျက်စိအထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင် များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင် ၄,၀၀၀ ကျော်အား သတ်မှတ်သည့်ရက်အလိုက် လာရောက် ပြသနိုင်ရေးနှင့် ပြသမည့်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၂၉ ရက် ပထမနေ့တွင် မျက်စိဝေဒနာရှင် ၆၆၂ ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အမည်စာရင်းပေးသွင်းထားသော မျက်စိဝေဒနာရှင်များထဲမှ ခွဲစိတ်ရန်လိုအပ်မည့် မျက်စိဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးမည့်အပြင် ခွဲစိတ်ရမည့် မျက်စိဝေဒနာရှင်လူနာနှင့်အတူ လူနာစောင့်တို့အား တည်းခိုနေထိုင်ရေးနှင့် နေထိုင်စဉ်အချိန်ကာလတွင် အခမဲ့ ကျွေးမွေးဧည့်ခံခြင်းများလည်း ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)

28 Aug

ADVERTISE HERE .