“စထရန်းလာဆန်အတွက် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခံခဲ့တဲ့ ဝုလ်ဗ်အသင်း”

28 Aug

နယူးကာဆယ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ နော်ဝေတိုက်စစ်မှူး စထရန်းလာဆန်ကို ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်း ခဲ့ရာမှာ ပယ်ချခံခဲ့ရကြောင်း သိရပါတယ်။ နယူးကာဆယ်အသင်းဟာ အီဆက်ခ် ကို လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် အစားထိုးဖို့အတွက် စထရန်းလာဆန် ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပထမအကြိမ်မှာ ပေါင်သန်း ၅၀ ၊ အခု ဒုတိယအကြိမ်မှာ ပေါင် ၅၅ သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။ စထရန်းလာဆန် ဟာ ပြီးခဲ့တဲ့ရာသီမှာ ဝုလ်ဗ်အသင်းအတွက် ၁၄ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် နယူးကာဆယ်အသင်းက မျက်စိကျခဲ့တာဖြစ်ပြီး ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ် မှာလည်း စထရန်းလာဆန်က သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့ပါတယ်။ နယူးကာဆယ်က ပေါင်သန်း ၆၀ နဲ့ ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေပြီး ဝုလ်ဗ်အသင်းက ပေါင်သန်း ၇၀ အလိုရှိနေကြောင်းလည်း သိရပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .