“ဒန်နီအင့်စ် ကို တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့ ရှက်ဖီးအသင်း”

28 Aug

လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးအသင်းဟာ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဒန်နီအင့်စ် ကို တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒန်နီအင့်စ် ဟာ အင်္ဂလန်ကလပ်အသင်းများစွာမှာ လှည့်လည်ကစားနေသူ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တာက ဝက်စ်ဟမ်းအသင်းမှာဖြစ်ပါတယ်။ ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ဝက်စ်ဟမ်း အသင်းနဲ့ လမ်းခွဲခဲ့ပြီး ရှက်ဖီးအသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရှက်ဖီးအသင်းက ဒန်နီအင့်စ် ကို တစ်နှစ်စာချုပ်သာ ချုပ်ဆိုခဲ့ပေမဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းအပေါ်မူတည်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုရယူခဲ့ကြောင်း သိရပါတယ်။ (NVS 008)

28 Aug

ADVERTISE HERE .