“သြဂုတ်လ ၂၈ ရက်မှာ AFC Challen League ပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ပြုလုပ်မယ်”
28 Aug
၂၀၂၅- ၂၀၂၆ ရာသီ AFC Challenge League ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို သြဂုတ်လ ၂၈ ရက်တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ AFC Challenge League ပြိုင်ပွဲကို ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး ဇုန် (၂) ဇုန်နဲ့ အုပ်စု ၅ ခုခွဲပြီး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ အရှေ့ဇုန်မှာ ဝင်ရောက်ယှဥ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စု ၂ ခုခွဲကာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အရှေ့ဇုန်မှာ အသင်း ၈ သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပြီး ၄ သင်း ၂ အုပ်စုခွဲကာ ကျင်းပမှာ ဖြစ်ပါတယ်။ အရှေ့ဇုန်မှာ ကမ္ဘောဒီးယားကလပ်အသင်း ၂ သင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်တိုင်ပေ၊ မွန်ဂိုလီးယား၊ လာအိုနိုင်ငံတို့က ကလပ်အသင်း တစ်သင်းစီ ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ (NVS 008)
28 Aug