“ဗင်နီစီယပ်စ် ကို တစ်နှစ်လစာ ယူရိုသန်း ၂၀ နှုန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းဖွယ်ရှိတဲ့ ရီးရဲလ်အသင်း”
28 Aug
ရီးယဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကို တစ်နှစ်လစာ ယူရိုသန်း ၂၀ နှုန်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ တစ်နှစ်လုပ်ခ ယူရို ၁၅ သန်း ရရှိနေတဲ့ ဗင်နီစီယပ်စ် က တစ်နှစ် ယူရိုသန်း ၃၀ အထိ ရရှိဖို့ လိုလားနေတာကြောင့် သဘောတူညီမှုရရှိဖို့ မလွယ်ကူကြောင်း သိရပါတယ်။ ဗင်နီစီယပ်စ်ကို ဆော်ဒီကလပ်အသင်းတစ်သင်းက ၅ နှစ်စာချုပ်အတွက် အသားတင်လစာယူရို ၁ ဘီလီယံ ပေးချေသွားဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ (NVS 008)
28 Aug