“တင်းနစ်အားကစားဘဝကနေ အနားယူခဲ့တဲ့ ဗီတိုဗာ”
28 Aug
အသက် ၃၅ နှစ်အရွယ် ဗီတိုဗာ ဟာ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ပထမအဆင့်မှာ ပြင်သစ် တင်းနစ်မယ် ပယ်ရီ ကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ရပြီဖြစ်သလို ကစားသမားဘဝကို နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ နယူးယော့ခ်မှာ ကျင်းပတဲ့ ၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲအပြီးမှာ တင်းနစ်အားကစားကနေ အနားယူမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ဇွန်လထဲက ဗီတိုဗာ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဗီတိုဗာ ဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲ ချန်ပီယံဆုကို ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ရရှိထားသလို ကစားသမားဘဝ WTA တိုးချန်ပီယံဆုကို ၃၁ ခုအထိ ရယူထားပြီး ကမ္ဘာအဆင့်မှာ အမြင့်ဆုံးအဖြစ် ကမ္ဘာ့အဆင့် (၂) နေရာမှာ ရပ်တည်ထားနိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အခုအဆင့်မှာ ရှုံးနိမ့်ပြီး ကစားသမားဘဝကို နှုတ်ဆက်ရတာ လက်ခံနိုင်ဖို့ ခက်သလို အခုထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ မျှော်လင့်ခဲ့ပါတယ် လို့ ဗီတိုဗာက ပွဲအပြီးနှုတ်ဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ (NVS 008)