“နျူကလီယားပိတ်ဆို့မှုများအရေး ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့နှင့် အီရန်ဆွေးနွေးပွဲစတင်”
28 Aug
ကုလသမဂ္ဂ၏ပိတ်ဆို့မှုများကို ရှောင်ရှားရန်အတွက် အီရန်နိုင်ငံသည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့နှင့် ဆွေးနွေးပွဲစတင်ခဲ့ကြောင်း သိရသည်။ သို့သော် အမေရိကန်နှင့်အီရန်တို့၏ နျူကလီးယားဆွေးနွေးပွဲမှာ ဆိုင်းငံ့ထားဆဲ ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဩဂုတ်လ ၂၆ ရက်တွင် ဥရောပသုံးနိုင်ငံနှင့် ပြုလုပ်သည့် ဒုတိယဝန်ကြီး အဆင့်ဆွေးနွေးပွဲတွင် အီရန်နိုင်ငံ လည်း ပါဝင်ခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့်နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်ရန် အဆိုပါသုံးနိုင်ငံစလုံး က တောင်းဆိုခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘဂါဟီက ဆွေးနွေးပွဲများအပြီးတွင် ဥရောပ သုံးနိုင်ငံနှင့်လာမည့်ရက်များအတွင်း အဆက်အသွယ်များ ဆက်လက်ရှိနေဦးမည်ဟု အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများအတွင်း အီရန်သည်ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရေးအပြင် ၎င်း၏ နျူကလီးယား အခွင့်အရေးနှင့်ပတ်သက်၍ ၎င်း၏တောင်းဆိုမှုများကို ပြတ်ပြတ်သားသား အသိပေးခဲ့ကြောင်း အက်စမေးလ် ဘဂါဟီ က ပြောသည်။ စက်တင်ဘာလမှစတင်၍ အီရန်နိုင်ငံသည် နျူကလီးယားပြဿနာနှင့် ပိတ်ဆို့မှု များဖယ်ရှားပေးရေး ဥရောပသုံးနိုင်ငံနှင့်ဆွေးနွေးပွဲအချို့ ပြုလုပ်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရ သည်။