“လူ ၅ ထောင်ကျော် အလုပ်အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကိုခွင့်ပြု”
28 Aug
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ၅,၀၀၂ ဦးအတွက် အလုပ်အကိုင်များရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သြဂုတ်လ ၂၇ ရက်က လုပ်ကိုင်ခွင့်ပြု ခဲ့ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၊ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခုနှင့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုတို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ၉၂ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့၍ ၈ ရာခိုင်နှုန်းကို ပြည်တွင်း၌ရောင်းချမည့် ဆန်ဖြူ၊ ဆန်ကွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနဲ့ တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ ဖွတ်ချောသန့်စင်ထုတ်လုပ်ပြီး ပြည်ပသို့ ၁၀၀ ရာခိုင်နှုန်းတင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်နဲ့ အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း ၅,၀၀၂ ဦး အလုပ်အကိုင်များရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် ၉,၄၆၆ ဒသမ ၅၉၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၉၅ သန်းဖြစ်ကြောင်း သိရပါတယ်။(NVS 004)