“FPTP ကိုယ်စားလှယ်ရွေးချယ်နိုင်ရန်တစ်ကြိမ်သာ မဲပေးရမည်”
28 Aug
အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် FPTP(အနိုင်ရသူအကုန်ယူ)စနစ် မဲဆန္ဒနယ်မှ မိမိကြိုက်နှစ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်တည်းသာ မဲပေးခွင့်ရမည်ဖြစ်ပြီး PR(အချိုးကျ ကိုယ်စားပြု)စနစ်အတွက် သီးခြားမဲပေးရန် မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရပါတယ်။ MMP စနစ်ဆိုတာ FPTP စနစ်နဲ့ PR စနစ် ၂ မျိုး ပေါင်းစပ်ထားတာဖြစ်ပြီး FPTP ကိုယ်စားလှယ် ရွေးချယ်နိုင်ဖို့ ယခင်ရွေးကောက်ပွဲများမှာ FPTP စနစ်နဲ့ မဲပေးတဲ့ပုံစံအတိုင်း အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် FPTP မဲဆန္ဒနယ်က မိမိကြိုက်နှစ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်တည်း မဲပေးရမှာ ဖြစ်ပါတယ်။ PR စနစ်အတွက် သီးခြားမဲပေးရန် မလိုပါဘဲ FPTP မဲဆန္ဒနယ်ကရရှိတဲ့ မဲတွေအရ မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်းက သက်ဆိုင်ရာ FPTP မဲဆန္ဒနယ်မှာ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် PR မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ရွေးချယ်နိုင်ရာမှာ သက်ဆိုင်တဲ့ FPTP မဲဆန္ဒနယ်များ၌ ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ်များရသည့် မဲများကို PR မဲ ဆန္ဒနယ်အတွက် ပါတီရတဲ့မဲများ အဖြစ် ပေါင်းစည်းကာ အချိုးကျတွက်ချက်၍ PR ဘက်ခြမ်းရှိ ပါတီကိုယ်စားပြုကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)