“တပ်ကုန်းတွင် ရေအနည်းငယ်ပြန်လည်ကျဆင်း၊ ပျဉ်းမနားနှင့်နေပြည်တော်တွင် ရေကြီးရေလျှံမှုမြင့်တက်လာ”
28 Aug
နေပြည်တော်တပ်ကုန်းတွင် ရေအနည်းငယ်ပြန်လည်ကျဆင်းလာပြီး ပျဉ်းမနားနှင့် နေပြည်တော် ဇေယျာသီရိ မြို့နယ်ဘက်တွင် ရေကြီးရေလျှံမှုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ပျဉ်မနားနှင့် နေပြည်တော်ဘက်သို့ တက်လာသည့် ရေမှာဆင်သေချောင်းဘက်က စီးဆင်းလာသည့် ရေဖြစ်ခြင်း ကြောင့် ဆင်သေချောင်းတစ်လျှောက်ရှိကျေးရွာများ သတိပြုနေထိုင်ကြရန် နှိုးဆော်ထားပါတယ်။ ဩဂုတ်လ ၂၇ ရက် နံနက်ပိုင်းကနေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ဒေသခံအချို့ကို ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ မိုးသည်းထန်စွာရွာသွန်းသဖြင့် တပ်ကုန်းမြို့နယ်ရှိ ညောင်ပင်သာကျေးရွာနှင့် ဗျိုင်းအင်း ကျေးရွာ၊ အောင်ဇေယျဘုရားအနီးရှိ နေအိမ်များအတွင်း ရေတက်လာသောကြောင့် ကူညီပြောင်းရွှေ့ပေးခဲ့ရခြင်း ဖြစ်ပါတယ်။ (NVS 004)
28 Aug